International News

ယခုနှစ် ပထမနှစ်ဝက်အတွင်း ပို့ကုန်သွင်းကုန်ပမာဏလျော့ကျခဲ့သော်လည်း သိသာစွာဖွံ့ဖြိုးလာခဲ့သည့် နန်နင်းလေဆိပ်

Last Updated:

ယခုနှစ် ပထမနှစ်ဝက်အတွင်း Nanning Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပို့ကုန်သွင်းကုန်ပမာဏမှာ တန်ချိန် (၃,၁၇၁,၇၉၀) တန်ရှိခဲ့ပြီး (၆.၆၁) ဆ တိုးတက်လာခဲ့သည်ကို တွေ့ရပါသည်။

ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အချိန်နှင့်တစ်ပြိုက်နက် လုပ်ငန်းများ ထုတ်လုပ်မှုပြန်လည်စတင်ရေးကို ကူညီပေးရန် နိုင်ငံခြားကုန်သွယ်မှုများ တည်ငြိမ်စေရေးကိုပါ လေဆိပ်အကောက်ခွန်ဌာနက စီမံဆောင်ရွက်ခဲ့ပါသည်။  လေဆိပ်၏ ကုန်စည်ထောက်ပံ့ပို့ဆောင်မှုများ ဖွံ့ဖြိုးလာစေရေး မြှင့်တင်ပေးသည့်အနေဖြင့် တဆင့်ခံ ထုတ်လုပ်သည့် လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများအတွက် “အစိမ်းရောင်လမ်းကြောင်း”ကို တည်ထောင်ပေးထားပါသည်။

ယခုနှစ် ပထမနှစ်ဝက်၌ လေဆိပ်အကောက်ခွန်ဌာနက လတ်ဆတ်သော ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု တန်ချိန် (၁,၅၃၅,၉၅၀) တန်ကို ဆောင်ရွက်ပေးခဲ့ကာ (၁၆၁.၃) ဆတိုးတက်လာခဲ့ပါသည်။ ထို့ပြင် ခရီးသည်တင်လေကြောင်းလိုင်းများ ရပ်နားထားရစဉ် အတွင်း ခရီးသည်တင်လေယာဉ်များကို ကုန်သေတ္တာတင်ဆောင်ကြရန် အားပေးတိုက်တွန်းလျက် လေဆိပ်၏ ကုန်သေတ္တာ တင်ဆောင်နိုင်စွမ်းအား ထပ်မံမြှင့်တင်သွားရန် ဆောင်ရွက်ထားပါသည်။

ဇူလိုင်လ (၃၁) ရက်နေ့အထိ လေဆိပ်အကောက်ခွန်ဌာနက လေယာဉ်ပေါင်း (၁၁၆) စင်းအား ခရီးသည်တင် လေယာဉ်များအဖြစ် မှ ကုန်သေတ္တာတင်လေယာဉ်များအဖြစ် ပြောင်းလဲရာတွင် ကြီးကြပ်ပေးခဲ့ပြီး၊ တင်ပို့တင်သွင်းသောကုန်ပစ္စည်း တန်ချိန် (၈၆၉.၀၉) တန်အား လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Nanning Daily   (၇-၈-၂၀၂၀)

Category: International News